သျှမ်းပြည်တောင်ပိုင်းက မွေးရာပါခေါင်းကြီးသည့် ကလေးငယ် ချင်းမိုင်ဆေးရုံရောက်



သျှမ်းပြည်တောင်ပိုင်း နမ့်ဇန်မြို့နယ် ခိုလမ်မြို့နယ်ခွဲက မွေးရာပါခေါင်းကြီးသည့် အသက် ၂ လ အရွယ် နောင့်ဟွမ်ဆိုင်သည်  ထိုင်းနိုင်ငံ ချင်းမိုင်မြို့ နခွန်းဖင်း (Nakornping Hospital)  သို့ရောက်ရှိပြီးဆေးဝါး ကုသမှုခံယူနေကြောင်း သိရသည်။

ဆရာဝန်နှင့်တွေ့ရန်စောင့်ဆိုင်းနေစဉ်
“ဒီနေ့မနက်ပိုင်းခွဲစိပ်ဖို့အတွက် မနေ့ကတည်းက လိုအပ်တဲ့ X-Ray တွေလုပ်တယ်။ ဒါပေမယ့် ဦးခေါင်း X-Ray လုပ် တဲ့ဟာ ဒီနေ့အဖြေ ထွက်မလာတော့ - ညနေပိုင်းလောက်မှအဖြေမထွက်ရင် နောက်တခါထပ်ပြီး ရိုက်ရဦးမယ်ထင် တယ်လို့ ဆရာဝန်တွေကပြောတယ်။ ခုချိန်အထိတော့ ကလေးက နေကောင်းနေပါတယ်။ ဒါမယ့် X-Ray ရိုက်ဖို့ အဟာရပေးမစားတဲ့ခါကျတော့ ကလေး နဲနဲအားနည်းလာတယ်။ မြန်မြန်ခွဲစိပ်နိုင်ပါစေလို့ဘဲ ဆုတောင်းရမှာပေါ့။ ကလေးကပင်ပမ်းနေတယ် ” -ဟု ကူညီဆောင်ရွက်ပေးရေးတာဝန်ယူထားသည့် သျှမ်းအမျိုးသမီး SWAN မှ နန်းကျိန်ခမ်းကပြောသည်။

သျှမ်းပြည်တောင်ပိုင်း ရလခ တိုင်းရုံးစိုက်ရာ ခိုလမ်မြို့နယ်ခွဲရှိ နားပွဲအုပ်စု ခေးနင်းရွာနေ  စိုင်းနွံမိန်း  နန်းခေါင်တို့ ကသာမာန် သန္ဓေသားထက် ဦးခေါင်းပိုကြီးနေသောကလေးငယ်တဦးကို ပြီးခဲ့သည့် ဂျွန်လဆန်းက  ခိုလမ် စစ်ဆေးရုံ ၌ ဗိုက်ခွဲ မွေးဖွားခဲ့ပါသည်။  

တနေ့တခြား ဦးခေါင်း  ကြီးမားလာသောကြောင့်   ထိုင်းနိုင်ငံချင်းမိုင်မြို့သို့လာရောက်ဆေးကုသမှု ခံယူနိုင်ရေး အတွက်  ကူညီကယ်ဆယ်ရေး သျှမ်းအဖွဲ့ SSERN  က အလှူငွေကောက်ခံပြီး သျှမ်းအမျိုးသမီးရေးရာ ဆက်သွယ် လှုပ်ရှားဆောင်ရွက်ရေးအသင်း SWAN က တည်းခိုနေထိုင်ရေးနှင့် ကုသရေးဆိုင်ရာ လမ်းညွှန်မှုများအား နှင့် တခြားထောက်ပံ့မှုများ ပေးသည်။

 “အခုဒီခွဲစိပ်ကုသမှုခံယူနိုင်ဖို့အတွက် ချင်းမိုင်ရောက်ဖို့ နယ်စပ်ဖြတ်ကျော်ရေးတွေမှာ၊ စိတ်ပိုင်းဆိုင်ရာ ငွေပိုင်းဆိုင် ရာ လမ်းညွှန်အားပေး ကူညီပေးကြတဲ့ ပုဂ္ဂိုလ်အားလုံးကို အထူးကျေးဇူးတင်ပါတယ်” မိခင်ဖြစ်သူ နန်းခေါင်က ပြော သည်။

အလားတူ သျှမ်းအမျိုးသမီး SWAN မှ နန်းကျိန်ခမ်းကလည်း - “ ဒီအလုပ်က ကျမတို့အလုပ်ပါဘဲ။ ဒါပေမယ့် ကလေးကိုသနားတယ်။ ခေါင်းက မတရားကြီးနေတော့။ မနေ့ကဆို ဆရာဝန်နဲ့တွေ့ဖို့ တနေကုန် တန်းစီစောင့် ရတာပေါ့။ ကလေးတော့ပင်ပမ်းတာ အသေအချာဘဲ။ အရင်လတွေတုန်းက ကိုယ်နှစ်ခုပါတဲ့ ကလေးလေးလာ ခွဲစိပ်တုန်း ကနဲ့တော့မတူဘူးပေါ့။ အဲတာက ပင်မ အလှူရှင်ရှိတယ်။ ဆေးရုံကလဲ တာဝန်ယူတယ်ဆိုတော့ ဒီ့ထက်ပို အဆင်ပြေတယ်”- ဟု သျှမ်းသံတော်ဆင့်အား ရှင်းပြသည်။

ထို့ကြောင့် ၂ လသားအရွယ် ဦးခေါင်းကြီးသည့် နန်းဟွမ်ဆိုင်အား ခွဲစိပ်ကုသရေးအတွက် ပါဝင်ကူညီလိုသည့် စေတနာရှင်များ အောက်ဖော်ပြပါ ဘဏ်အကောင့်သို့ သဒ္ဓါတတ်အားသရွေ့ ကူညီပေးပို့နိုင်ပါကြောင်း အလူငွေ လက်ခံရေးဆိုင် တာဝန်ခံ နန်းခမ်းအိမ်ကပြောသည်။

Account names: 
Saengmurng Mungon, Mr. Dachpon Walingta & Mrs. Saengrawee Thiel
Account number: 390 – 4 – 48628 – 3 

Bank: Bangkok Bank

Branch: Pratu Chang Phuek, Chiang Mai
ชื่อบัญชี
นายแสงเมือง มังกร นายเดโชพล หว่าหลิ่งต๊ะ นางแสงระวี เทียล 
เลขที่บัญชี 390 – 4 – 48628 – 3

ธนาคารกรุงเทพ สาขาช้างเผือก เชียงใหม่

မှတ်ချက်-  ယနေ့ မွန်းလွဲပိုင်းတွင် ကြားရသော သတင်းအရ နောင့်ဟွမ်ဆိုင်အား ခွဲစိပ်ရန် မွန်းလွဲ ၁ နာရီကျော်ကျော်က တာဝန်ကျဆရာဝန်များက လာရောက်ခေါ်ဆောင်သွားပြီဖြစ်ကြောင်း သိရှိရပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates