သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေပြီး ယာဉ်မတော်တဆ အန္တရာယ်ဖြစ်စေနိုင်သော မြေသယ်ကားကြီးများ ကိစ္စ



သို့အယ်ဒီတာ

သျှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူယ်မြို့နယ်အတွင်း၊ မူဆယ် နမ့်ခမ်းကြား ယ်လန့်ကျေးရွာအုပ်စုအတွင်း ဆိုင်းခေါင်ကျေးရွာအနီး မူဆယ် နမ့်ခမ်းသွား လမ်းအစပ် သင်္ချိုင်း၏အရှေ့ဘက် ပေ (၂၀) ခန့်အကွာတွင်  ၀ိသမ လောဘသား စီးပွါးရေးလုပ်ငန်းရှင်များက ယန္တရားကြီများဖြင့် သစ်တောများခုတ်ထွင်ရှင်းလင်းနေပြီး (၁၂) ဘီး မော်တော်ယာဉ်များဖြင့် မြေသားများကို တူးဖော်သယ်ယူနေ ပါသည်။

အဆိုပါလုပ်ရပ်ကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေပြီး မြေသယ်ယာဉ်များ မှ မြေကြီးများ လမ်းပေါ်သို့ လွင့်စင်ကျခဲ့ပါ သည်။ မိုးရွာသောအခါ လမ်းချော်ပြီး ယာဉ်မတော်တဆမှုများလည်း ဖြစ်ပေါ်ထိခိုက်စေနိုင်ပါသည်။ တန်ပိုများစွာတင်ဆောင်မှုကြောင့် ကားလမ်းပျက်စီးမှုများ လည်းဖြစ်ပေါ်စေပါသည်။ အဆိုပါနေရာမှာ ကုန်းဆင်းဖြစ်ပြီး ကား၊ထော်လာဂျီ၊ ဆိုင်ကယ်များ မကြာခဏ ဆိုသလို တိမ်းမှောက်မှုဖြစ်စေ တတ်သော နေရာလည်းဖြစ်သည်။

ထို့ကြောင့် အဆိုပါစည်းကမ်းမဲ့လုပ်ရပ်များကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ သိရှိ အရေးယူဆောင်ရွက် ပေးနိုင်ပါရန် အယ်ဒီတာမှ တဆင့်တင်ပြအပ်ပါသည်။

မူဆယ်-နမ့်ခမ်း ယာဉ်မောင်းများ
ခရီးသွားပြည်သူများနှင့်
ကျေးရွာသူ/သားများ




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates