အနာဂတ်လူငယ်တွေ မပျက်စီးရအောင် လောင်းကစားဝိုင်းများ၊ ဂိမ်းဆိုင်များ ပိတ်ပေးစေလို



သို့- သျှမ်းသံတော်ဆင့်မှတဆင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ သျှမ်းပြည်နယ်အစိုးရနှင့် နိုင်ငံတော်သမ္မတ သိစေရန်

သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့ရှိ ဟိုမွန်ရပ်ကွက်၊ စွမ်စော်ရပ်ကွက်၊ ကောင်းမူးတုံရပ်ကွက်တွေမှာ လောင်းကစားဝိုင်းတွေ၊ ဂိမ်းဆိုင်တွေ အများအပြား ဖွင့်ထားပါတယ်။ အဲဒီလောင်းကစားဝိုင်း၊ ဂိမ်း ဆိုင်တွေကို တရုတ်ပြည်က သူဌေးတွေ လာဖွင့်ထားတာ ဖြစ်ပါတယ်။ ဒေသတွင်းပြည်သူ့စစ်  (ကောင်းခါး၊ ပန်းဆေး)နာမည်ခံပြီး ဖွင့်ထားတာက များပါတယ်။

ဂိမ်းဆိုင်တွေကနေ မူးယစ်ဆေးဝါးမျိုးစုံကို လွယ်လင့်တကူ ဝယ်ယူရရှိနိုင်ပါတယ်။ စွမ်စော်ရပ် ကွက်၊ ကောင်းမူးတုံရပ်ကွက်မှာ အဆိုးဆုံးပါဘဲ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဖြစ်တဲ့ စိုင်းသိန်းကျော်(ဟိုမွန်)၊ စိုင်းကာခမ်း(စွမ်စော်)၊ စိုင်းကျော်ဦး (ကောင်းမူးတုံ)တို့ကလည်း လောင်းကစားဝိုင်း၊ ဂိမ်းဆိုင်တွေ လာရောက်ဖွင့်လှစ်တာကို ပိတ်ပင်တာလည်း မရှိပါဘူး။ လူငယ်တော်တော်များများကလည်း ဂိမ်းဆိုင်မှာ အချိန်ဖြုန်းနေပြီး မူးယစ်ဆေးဝါးသားကောင်းတွေ ဖြစ်နေကြပါပြီ။

ကျန်ရပ်ကွက် ၆ ခုမှာတော့ လောင်းကစားဝိုင်းတွေ ဂိမ်းဆိုင်တွေ မရှိပါဘူး။ မထားပါဘူး။ ရပ်ကွက် သူရပ်ကွက်သားတွေကလည်း လောင်းကစားဝိုင်း၊ ဂိမ်းဆိုင်တွေကို ဆန့်ကျင်ကြပါတယ်။ လောင်း ကစားဝိုင်း၊ ဂိမ်းဆိုင်တွေ လာဖွင့်ပြီဆိုတာနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ချက်ချင်းသွားပြီး ပိတ်ခိုင်း ပါတယ်။

ဒါကြောင့် လူငယ်တွေ မပျက်စီးစေဖို့ လူငယ်တွေရဲ့အနာဂတ် လှပစေဖို့ လောင်းကစားဝိုင်း ဂိမ်းဆိုင်တွေကို ပိတ်ပင်ဖို့  တာဝန်ရှိသူ အာဏာပိုင်တွေက ညွှန်ကြားပေးဖို့ လေးစားစွာ တောင်းခံ အပ်ပါတယ်။


၁၉/၈/၂၀၁၄
မူစယ်ဒေသခံများ




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates