ဂျပန် မြန်မာ ချစ်ကြည်ရေး နှစ် ၆၀ ပြည့်ပွဲတွင် သျှမ်းရိုးရာယဉ်ကျေးမှု များပါ ပြသ



ဂျပန်မြန်မာချစ်ကြည်ရေး နှစ်၆၀ ပြည့်ပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့တွင်ကျင်းပရာ ပရိသတ် သောင်းချီ တက်ရောက်အားပေးခဲ့ကြောင်းသိရသည်။

ဂျပန်မြန်မာချစ်ကြည်ရေး နှစ် ၆၀ ပြည်ပွဲတွင် သျှမ်းရိုးရာယဉ်ကျေးမှု ပါဝင်ပြသ(ဓါတ်ပုံ - SAMM)

အဆိုပါ ယဉ်ကျေးမှုပြပွဲသို့ ဂျပန်ရောက် သျှမ်းမိသားစုများကလည်း ပါဝင် ပူးပေါင်းခဲ့ပြီး သျှမ်းရိုးရာယဉ် ကျေးမှု ဝတ်စားဆင်ယင်မှုနှင့် အကအလှ များလည်း တင်ဆက်ခွင့် ရခဲ့ကြောင်း ဆိုပါသည်။


အခမ်းအနားသို့   ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ ကတော်လည်း တက်ရောက် ခဲ့သည်ဟု ဂျပန်ရောက် သျှမ်းလူငယ် တဦးက ပြောသည်။

ဂျပန်မြန်မာချစ်ကြည်ရေး နှစ် ၆၀ ပြည်ပွဲတွင် သျှမ်းရိုးရာယဉ်ကျေးမှု ပါဝင်ပြသ(ဓါတ်ပုံ - SAMM)

“ သျှမ်းရိုးရာဝတ်စားဆင်ယင်မှုနဲ့ ကိန္နရီအက အလှတွေကိုပြသခွင့်ရခဲ့တယ်။ လူတအားစည်တယ်။ ကျနော်တို့ယဉ်ကျေးမှုပြသရတဲ့အတွက် ဒီပွဲဟာဖြင့်အရမ်းကိုတန်ဖိုးရှိပါတယ်။ ” ဟု အဆိုပါလူငယ်က ပြောသည်။


အဆိုပါပွဲသို့ နာမည်ကြီးအဆိုတော်များဖြစ်ကြသော မေဆွိ ဇော်ပိုင်တို့လည်း တက်ရောက်ကာ တေးသီချင်းသီဆိုဖျော်ဖြေခဲ့ကြောင်း သိရပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates