နမ့်ခမ်း မြို့နယ် ကျေးလက် စာကြည့်တိုက် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဖွင့်လှစ်



သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဂျေဟိုင်းကျေးရွာ၌ ပြည်သူ့စာကြည့်တိုက်ဖွင့်လှစ်ရာ ကျားဖြူပါတီ ကျား ခေါင်းပါတီနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တို့ တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်းရရှိသည်။








စာကြည့်တိုက်ဖွင့်ပွဲကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းတင်ဦးက ဖွင့်လှစ်ပေးခဲ့ကြောင်း၊ SNLD ကျားခေါင်းပါတီအဖွဲ့ဝင်များ၊ SNDP ကျားဖြူ ပါတီအဖွဲ့ဝင်များ၊ သျှမ်း၊ ပလောင် (တအာန်း) ၊ ကချင်၊ လီရှော စာပေ/ယဉ် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား /သူများနှင့် ရပ်မိရပ်ဖ ဒေသခံ စုစုပေါင်း  ၂၀၀   ထက်မနဲ တက်ရောက်ကြကြောင်း ဂျေဟိုင်းကျေးရွာနေ စိုင်းအိုက် ကဆိုသည်။

စာကြည့်တိုက်ထဲ၌ လက်ကိုင်ဖုန်းဖြင့်ဖတ်ရှုနိုင်ရန် Online e-book စက်တစ်လုံး၊ ရသစုံ သျှမ်း-မြန်မာစာ စာအုပ်များ၊ သတင်းဂျာနယ်များ  ထားရှိပေးသည်ကိုတွေ့ရကြောင်း ဖွင့်ပွဲသို့ တက်ရောက်လာသော နမ့်ခမ်းမြို့မှ SNLD ကျားခေါင်းပါတီအလုပ်အမှုဆောင်တစ်ဦးကဆိုသည်။

၈၈  တပ်မမှူး ဦးသက်ထွန်းနှင့် ခရိုင်ပြန်ကြားရေးဦးစီး ဦးအယ်(လ်)စိုး တို့လည်း ဖွင့်ပွဲ တက်ရောက် အမှာစကားပြောကြားခဲ့သည်ဟု ၄င်းကပြောသည်။

ဂျေဟိုင်းကျေးရွာတွင် ဖွင့်လှစ်ခဲ့သော ဂျေဟိုင်း-မန့်ကန့်ကျေးရွာ နှစ်ရွာပေါင်း ပြည်သူ့စာကြည့်တိုက် ဖြစ်မြောက်  ရေးအတွက် မြန်မာနိုင်ငံစာကြည့်တိုက်ဖောင်ဒေးရှင်းအဖွဲ့မှ ကျပ်ငွေ(၁၀)သိန်း မတည်ကူညီပေးခဲ့ပြီး ဒေသခံများ စေတနာရှင်များ၏ အဓိကအင်အားဖြင့် တည်ဆောက်ဖွင့်လှစ်ခဲ့ကြောင်း ဒေသခံ များထံမှသိရသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates