ကျားဖြူပါတီ လှုပ်ရှားမှု



သို့- သျှမ်းသံတော်ဆင့် အယ်ဒီတာ

ကျနော်တို့  ကျားဖြူပါတီသည် ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၈ရက်၊ မနက် ၉နာရီ အချိန်ခန့်တွင် တာချီလိတ်မြို့ ကျားဖြူ ပါတီဥက္ကဌ ဆရာမဒေါ်နန်းငွေမြ မှဦးဆောင်၍ ပါတီ၏ C.E.C ဗဟို အလုပ်အမှု ဆောင်များဖြစ် ကြသော ဦးစိုင်းအောင်မြင့်ခိုင် (ရန်ကုန်တိုင်းဥက္ကဌ)၊ ဦးစောသန်း မြင့် (FUP ၏ Vice Chair Man-2)၊ ဦးစိုင်းခမ်းကျန် (မိုင်းဖြတ်ဥက္ကဌ)၊ လွှတ်တော်ကိုယ် စားလှယ် ဦးစိုင်းဆိုင်စင်၊ ပါတီ အတွက်စိတ်ရောကိုယ်ပါ အားသွန်ခွန်စိုက် ပါဝင်လှုပ်ရှား ပေးသော ဦးစိုင်းမွမ်းရာဇာ (ကျောက်မဲမြို့)၊ ဦးကျမူး (လားဟူ) နှင့် တာချီလိတ်မြို့ရှိ အသင်းသူ/ သားများ သည် ရပ်/ကျေး များ သို့ကွင်းဆင်းကြပါသည်။ အဆိုပါ ရပ်/ကျေးများဖြစ်ကြသော မယ်ယန်းကျေးရွာ၊ ဝှေလေ လံကျေးရွာ၊၀မ်ပုံကျေးရွာ နှင့်ပါခုတ်ကျေးရွာ တို့တွင် မိမိတို့ပါတီ၏ ရည်ရွယ်ချက် နှင့် ရှေ့လုပ် ငန်းစဉ်များကို ရှင်းလင်းဟောပြောကြပါသည်။ ယခုတလော မဟုတ်မမှန် သတင်းများဖြစ်ကြ သည့် ကျားဖြူပါတီနှင့်ကျားခေါင်းပါတီ တို့ပူးပေါင်းကြခြင်းနှင့် ကျားဖြူပါတီဖြတ်သိမ်းပြီးစီးခြင်း ဆိုသည့် ကောလဟာလ သတင်းမှားများကိုလည်း ထပ်မံ ရှင်းလင်း သွားကြပါသည်။၎င်းနောက် အသင်းသားများမှမေးမြန်းသည်များကိုပြန်လည် ဖြေကြားပေးပြီး လိုအပ်ချက်ရှိသောကိစ္စအချို့ ကိုလည်း အတတ်နိုင်ဆုံး ကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားသွားပါသည်။

လေးစားလျှက်
စိုင်းစိုင်း





 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates