ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုစနစ်သင်တန်း ပင်လုံမြို့တွင် ပထမအကြိမ်ကျင်းပ



သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ သျှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိပိဋိကတ်ကျောင်းစာသင်တိုက်၌ ပထမအကြိမ် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုစနစ်သင်တန်းကို သုံးရက်ကြာ ပြုလုပ်ခဲ့သည်။

 ပင်လုံမြို့ ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုစနစ်သင်တန်း 

 ပင်လုံမြို့ ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုစနစ်သင်တန်း 


 The Burma Center For Ethnic Studies (BCES)  တိုင်းရင်းသားလူမျိုးရေးရာ သုတေသနအဖွဲ့မှ လာရောက် သင်တန်းပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါဒီမိုကရေစီနှင့်ဖက်ဒရယ်အကြောင်းကိုလူတိုင်းသိသင့်ကြောင်း၊ တိုင်းရင်းသားဒေသတွင် ဖက်ဒရယ်နှင့် ဒီမိုကရေစီသင်တန်းများမရှိခဲ့ကြောင်း၊ ထို့ကြောင့်  ဖက်ဒရယ်နှင့် ဒီမိုကရေစီသည် အရေးကြီးမှန်း ပြည်သူလူထု နားမလည်ခဲ့ကြောင်း၊ ဒီမိုကရေစီ၏ သဘောတရားကို လုံးဝ မသိသေး သည့် ပြည်သူလူထု အများကြီးရှိကြောင်း  BCES Project Director  စိုင်းမောန် ကပြောသည်။

“ ဒီမိုကရေစီနဲ့ ဖက်ဒရယ်အကြောင်း ဘယ်လိုဆက်စပ်နေသလဲဆိုတာ သိလာအောင်သင်တန်းပေး တယ်။ တစ်မြို့ပြီးတစ်မြို့သွားမယ်။ အခုမှ ခြေလမ်းအစဘဲရှိသေးတယ်။ အနှစ် ၆၀ လုံးလုံး မျက်စိပိတ် နားပိတ်လာတော့ လူတွေကဒီမိုကရေစီဘာလဲ၊ ဖက်ဒရယ်ဘာလဲ ကဃနဏ မသိတော့ဘူး။ သမိုင်း ကြောင်းတောင်မသိတော့ဘူး” ဟု ၎င်းက ပြောသည်။

အဆိုပါသင်တန်းကို မတ်ခ်ျလ ၂၁ ရက်မှ ၂၃ ရက်အထိ ပေးခဲ့ပြီး  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD  သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်  SNLD ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်  PNO သျှမ်းလူငယ်ကွန် ယက် TYN နှင့် ပင်လုံမြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့တို့ လူအင်အား ၅၀ ကျော်တက်ရောက် ပါ သည်။  

သင်တန်းတက်ရောက်သူ NLD ၏ သျှမ်းပြည်နယ်အလုပ်အမှုဆောင်နှင့် ပါတီစည်းကမ်းထိန်းသိမ်း ရေး ခေါင်းဆောင် ဒေါ်မီးမီး က “ ဒီမိုကရေစီနဲ့ ဖက်ဒရယ် ဆိုတာ ဘာလဲဆိုတာ ကွက်ကွက်ကွင်းကွင်း မြင် အောင်သိသွားပြီ။ လူတိုင်းက ဒီမိုကရေစီကိုသိထားသင့်တယ်။ ဒါပေမယ့် အခုသူတို့ရှင်းပြတဲ့ ခါကျ တော့ နားလည်သွားပြီး ကိုယ်ပြန်ရှင်းပြတဲ့အခါကျတော့ လူပိန်းနားလည်တဲ့နည်းနဲ့ ကိုယ်ကပြန် ရှင်းပြလို့ရပြီ” ဟု ဆိုသည်။

 BCES သည် ၂၀၁၂ ခုနှစ်တွင် ချင်းမိုင်၌ စတင်ဖွဲ့စည်းခဲ့ပြီး လူအခွင့်အရေး ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်နှင့်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မည်သို့ပတ်သက်လာခြင်းနှင့် ဖွဲ့ရသည့်ရည်ရွယ်ချက်တွင် မြန်မာ နိုင်ငံ၌ ဖြစ်ပျက်နေသည့် နိုင်ငံရေးဖြစ်စဉ်ကို သုတေသနလုပ်ပြီး  မြန်မာနိုင်ငံ၏ အပြောင်းအလဲကို တဖက်တလှမ်းမှာ ပံ့ပိုးကူညီနိုင်ရန် ဖွဲ့ရခြင်းဖြစ်သည်ဟု  BCES  ၏  Project Director  စိုင်းမောန်ကပြော သည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates