ပအိုဝ်းအမျိုးသားဂုဏ်ပုဒ်နှင့်အညီ ထိုက်တန်သည့်အခွင့်အရေးတောင်းဆိုဖို့ ပအိုဝ်းညီလာခံတွင်ဆုံးဖြတ်



ဆဌမအကြိမ်မြောက် ပအိုဝ်းအမျိုးသားညီလာခံကို တောင်ကြီးမြို့ ပအိုဝ်းတပေါင်းပွဲတော်ကျင်းပရာ ပအိုဝ်း အမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်းတွင် ယခုအပတ်အတွင်းက ကျင်းပရာ ရွေးကောက်ပွဲအတွက်ပြင် ဆင်ခြင်းနှင့် ပအိုဝ်းလူမျိုးတို့အတွက် အခွင့်အရေးများတောင်းဆိုရန်အတွက် အထူးဆွေးနွေးနိုင်ခဲ့သည်ဟု   သတင်းရရှိ သည်။

ဆဌမအကြိမ်မြောက် ပအိုဝ်းအမျိုးသားညီလာခံ

ဆဌမအကြိမ်မြောက် ပအိုဝ်းအမျိုးသားညီလာခံ

ဆဌမအကြိမ်မြောက် ပအိုဝ်းအမျိုးသားညီလာခံ


မတ်ခ်ျလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ  ကျင်းပသော ပအိုဝ်းအမျိုးသား ညီလာခံတွင် ပအိုဝ်းအမျိုးသားအဖွဲ့ ချုပ် (PNO) ၏ (၅) နှစ်တာကာလ အတွင်းလုပ်ငန်း ဆောင်ရွက်ချက်များ တင်ပြခြင်း ၊ ဗဟိုကော်မတီ ၊ ဗဟို အလုပ်အမှုဆောင်များ ပြန်လည်ရွေးကောက်တင်မြှောက်ခြင်းများပြုလုပ်ခဲ့သည်။

ထို့အပြင် လာမည့် ရွေးကောက်ပွဲတွင် PNO မှ ၀င်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒ နယ်နှင့် အမတ်လောင်း များအား မြို့နယ်အလုပ်အမှု ဆောင်မှမကြာမီရွေးချယ်ပြီး ဗဟိုမှအတည်ပြုသွားမည်ဖြစ်ကြောင်း PNA မှ ဗိုလ်မှူးခွန်လာ ကရှင်းပြသည် ။

" ဒီညီလာခံရဲ့ ထူးခြားတဲ့ဆုံးဖြတ်ချက်ကတော့ ၂၀၁၅ မှာဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်တဲ့အခါမှာ ကျနော် တို့ ပအိုဝ်း လူမျိုး ဂုဏ်အင်္ဂါ နဲ့ထိုက်တန်တဲ့ အခွင့်အရေး တွေပေးဖို့တောင်းဆိုသွားမှာဖြစ်တယ် " ဟု ၄င်းက ပြောသည် ။

ယင်းညီလာခံသို့ တောင်ကြီး ၊ ဟိုပုံး ၊ဆီဆိုင် ၊ ပင်လောင်း၊ ကျောက်တလုံးကြီး၊ လွယ်လင် ၊ ညောင်ရွှေ ၊ ရပ်စောက် ၊ ကလော ၊ မောက်မယ် ၊ နမ့်စန် ၊ လွိုင်ကော်၊ ဖယ်ခုံ ၊ သထုံ ၊ ဖားအံ ၊ ထန်းတပင် ၊ကော့ကရိတ် ၊ ဘီးလင်း ၊ မြိုင်ကလေး စသည့် မြို့နယ်မှ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီဝင်များနှင့် ပအိုဝ်းအဖွဲ့ အရပ်ဖက်လူမှု အဖွဲ့အစည်း  မှ လူအင်အား ရာကျော်တက်ရောက်ခဲ့ကြောင်းသိရသည်။

" PNO ကဦးဆောင်ပြီးလုပ်တဲ့ညီလာခံဆိုပေမယ့် ကျနော်တို့ပအိုဝ်းတစ်မျိုးသားလုံးရဲ့ စည်းလုံးမှုကို အခြေခံပါ တယ် ၊ ကျနော်တို့ (PNLO) အနေနဲ့ပါတီထောင်ဖို့လည်းမရှိ ဘူး၊ ရွေးကောက်ပွဲ ၀င်ဖို့လည်းမရှိပါဘူး လေ့လာသူအနေနဲ့တက်ရောက် လာခြင်းဖြစ်တယ် " ဟု ပအိုဝ်းအမျိုးသားလွှတ် မြောက် ရေးအဖွဲ့ (PNLO) မှအတွင်းရေးမှူး ခွန်သောမတ်ကဆိုသည် ။

PNO သည် ၂၀၁၀ အထွေထွေရွေး ကောက်ပွဲတွင်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ မဲဆန္ဒနယ် (၁၀) နေရာအနိုင်ရရှိ ထားသော ပအိုဝ်းအမျိုးသားပါတီတစ်ခုဖြစ်ပြီး ၄င်း၏လက်အောက်ခံ ပအိုဝ်းအမျိုးသားတပ်မတော် PNA လည်း ဌာနေပြည်သူ့စစ်အဖြစ် အသွင်ပြောင်းထားပါသည်။

PNLO မှာမူ ထိုင်း-မြန်မာနယ်စပ်တွင်အခြေစိုက်ပြီး  ၂၀၁၃ မတ်ခ်ျလ (၂၃) ရက်နေ့က နေပြည်တော်အစိုးရနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates