သက်တမ်းနှစ်ပေါင်းတစ်ရာကျော်ရှိနေသောစစ်သုံးတံတားကိုအမြန်ပြုပြင်ပေးပါရန်



သို့/သျှမ်းသံတော်ဆင့်အယ်ဒီတာ

သျှမ်းမြောက် နမ့်ခမ်းမြို့ ကွန်လုံကျေးရွာ(ပြည်ထောင်စုလမ်းမပေါ်) ရှိ နမ့်မချောင်းတံတား ယိုယွင်းပျက်စီး ရှိနေသည်မှာ တစ်လနီးပါးရှိနေပြီဖြစ်သော်လည်း သက်ဆိုင်ရာမှလာရောက်ပြုပြင်ပေးခြင်းမရှိသေးပါ။

ဓါတ်ပုံ- နမ့်မချောင်းကူးတံတား
နမ့်မချောင်းတံတား သည် လွန်ခဲ့သောနှစ်ပေါင်း (၁၀၀) ကျော် အင်္ဂလိပ်ခေတ်ကတည်းက တည်ဆောက်ထား သော ယာယီစစ်သုံးတံတားတစ်စင်းဖြစ်ပေမဲ့ ကျနော်တို့ ပြည်သူဒေသခံများအတွက်တော့ အဓိက အားထား အသုံးပြုနေရသောတံတားဖြစ်သည်။

ယခု နမ့်မချောင်းတံတားသည် တောင်လိုက်နှင့်အလျားလိုက်ခင်းထားသော သစ်သားပျဉ်ပြားများ ဆွေးမြေ့မှု ဖြစ်ပေါ်နေပြီး တံတား၏ အလယ်ပိုင်းတွင် အပေါက်ဖြစ်နေပါသည်။ ခရီးသွားပြည်သူများအတွက် အန္တရာယ် ကြုံနေရပါပြီ။

နမ့်မချောင်းကူးတံတားသည် ပြည်သူများအပန်းဖြေရာနေရာ ရေပူစမ်း အပန်းဖြေစခန်း ၊ရွှေလီရေအားလျှပ်စစ် စက် ရုံ နှင့် ကချင်ပြည်နယ် မန့်ဝိန်းကြီး ၊ဗန်းမော်မြို့ စသည့်နေရာများသွားလိုလျှင် မဖြစ်မနေ ဖြတ်သန်းသွားရမည့် နိုင်ငံတော်အတွက်မဟာဗျူဟာ ကျသောတံတားတစ်စင်းဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ပျက်စီးနေသော နမ့်မချောင်းတံတားကို သက်ဆိုင်ရာတာဝန်ရှိသူများ အမြန်ဆုံးလာရောက် ပြုပြင်ပေးပါရန် သျှမ်းသံတော်ဆင့် သတင်းဌာန ကနေတဆင့်တင်ပြလိုက်ပါသည်ခင်ဗျား။

မှ- နမ့်ပုံသား
(ဧပြီလ ၇ ရက် ၂၀၁၅ )




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates