သျှမ်းပြည်တောင်ပိုင်း SNLD ရုံးခွဲများ ဆက်တိုက်ဖွင့်လှစ်



သျှမ်းပြည်တောင်ပိုင်း မိုးနဲ၊ လင်းခေး၊ မိုင်းပန်၊ ကွန်ဟိန်း၊ နမ့်စံ မြို့များတွင်   ယခုတပတ်အတွင်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ရုံးခွဲ များဖွင့်လှစ်ခဲ့သည်။







ဧပြီလ ၃ ရက်နှင့် ၄ ရက်နေ့က မိုင်းပန်မြို့ရုံးခွဲ၊ ၅ ရက်နေ့နှင့် ၆ ရက်နေ့က ကွန်ဟိန်း ကာလိ ဖန်လန်း ရုံးခွဲ၊  ၇ ရက်နေ့တွင် မိုင်းရှူးမြို့ မိုင်းစံအုပ်စုရုံးခွဲနှင့် ၈ ရက်နေ့ လွယ်လင်မြို့ရုံးခွဲများကို ဖွင့်လှစ်ခဲ့သည်။ ရုံးခွဲဖွင့်ပွဲများတွင် ပါတီ ဥက္ကဌဦးခွန်ထွန်းဦးမှ လူထုနှင့်တွေ့ဆုံကာ SNLD ပါတီ၏ ရပ်တည်ချက်နှင့် မူဝါဒတို့ကို ရှင်းပြခဲ့ပြီး လက်ရှိနိုင်ငံရေးအခြေနေများကိုပါ  ရှင်းပြပေးခဲ့သည်ဟုသိရသည်။

“တိုင်းပြည်ရဲ့အနာဂတ်ဟာ လူငယ်တွေဖြစ်ပါတယ်၊ ညီညွတ်မှုမရှိရင် သျှမ်းပြည်ကြီးငြိမ်းချမ်းရေး မရရှိနိုင်ပါဘူး။ သို့ပေမယ့်  SNLD ပါတီ ကတော့ လာမယ့်ရွေးကောက်ပွဲမှာ  ပြည်သူ့ဆန္ဒ အစစ်အမှန် ကိုဘဲ ရယူသွားပါမယ်။ လာဘ်ပေးစည်းရုံးမှုတွေ မသမာမဲတွေ ယူမှာမဟုတ်ပါဘူး” ဟု ကာလိရုံး ဖွင့်ပွဲ တွင်ပါတီဥက္ကဌခွန်ထွန်းဦးပြောသွားသည်။

“ကျနော်တို့  SNLD  ပါတီဟာ ပင်လုံစာချုပ်ထဲမှာပါတဲ့အတိုင်း တန်းတူအခွင့်ရေး ရရှိဖို့ နိုင်ငံရေး လမ်းစဉ်နဲ့ ဆက်လက်လျှောက်လမ်းသွားမှာဖြစ်ပါတယ်” ဟု လည်းပြောသွားသည်။

သျှမ်းပြည်တောင်ပိုင်းသို့ ရုံးခွဲများ သွားရောက် ဦးဆောင် ဖွင့်လှစ်နေသည့် SNLD ဥက္ကဌ ခွန်ထွန်းဦး သည် နေပြည်တော်ရှိ ငုရွှေဝါခန်းမတွင်ကျင်းပသည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ခေါင်းဆောင် ၄၂ ဦး တွေ့ ဆုံဆွေးနွေးပွဲ သို့ တက်ရောက်ခြင်းမရှိခဲ့ပေ။

သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD သည် ၁၉၉၀  ရွေးကောက်ပွဲတွင်  တနိုင်ငံလုံး ဒုတိယမဲအများဆုံးဖြင့် အနိုင်ရရှိခဲ့သည်ဖြစ်သော်လည်း ပါတီခေါင်းဆောင်များ ဖမ်းဆီးခံရမှုကြောင့် ၂၀၁၀ ရွေးကောက်ပွဲတွင်  ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့ပေ။  သို့သော် ကျားဖြူပါတီ SNDP လွှတ်တော် အမတ်များ ပါတီမှနှုတ်ထွက်ပြီး  SNLD ပါတီသို့ ပါတီပြောင်းဝင်လာသဖြင့်လက်ရှိတွင်  လွှတ်တော် အတွင်း SNLD  ပါတီ၏ အမတ် ၂၀  ကျော်ရှိနေပါသည်။ ယခုလက်ရှိတွင် SNLD  ပါတီ၏ ရုံးခွဲပေါင်း ၅၀ ကျော် ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates