မူစယ်မြို့ကျားခေါင်းပါတီ အမတ်လောင်းရွေးချယ်ပြီးစီး



သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ခေါ် ကျားခေါင်းပါတီ SNLD က ၂၀၁၅ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် အမတ်လောင်းများကို ရွေးချယ်ပြီးစီးပြီဖြစ်ကြောင်း ဒေသတွင်း သတင်းအရ သိရှိရသည်။






အမတ်လောင်းရွေးချယ်ပွဲကို ဂျူလိုင်လ ၂၆ ရက်နေ့က ဟိုမွန်ရပ်ရှိ မောက်ကူဆွဲ့ ခန်းမတွင် ကျင်းပခဲ့သည်။ ပါတီအလုပ်အမှုဆောင်များ၊ ပါတီဝင်များ၊ သျှမ်းစာ/ယဉ်အသင်းနှင့် မိဘပြည်သူများ တက်ရောက်ရွေးချယ်ခဲ့ ကြသည်။

“ဇကာတင် ၈ ဦးရွေးချယ်တယ်။ အဲဒီထဲကနေ ၃ ဦး ပြန်ရွေးတယ်။ ပြည်သူ့ လွှတ်တော်နဲ့ ပြည်နယ် လွှတ်တော် အတွက်ပါ” ဟု တက်ရောက်သူ စိုင်းမြင့်က ပြောပါတယ်။

ပြည်သူ့လွှတ်တော်နေရာအတွက် ပါတီဒုဥက္ကဋ္ဌ စိုင်းဖိုးမြတ် ခေါ် စိုင်းရီဆိုင်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)အတွက် စိုင်းအိုက်သိန်း ခေါ် စိုင်းကျော်သိန်း၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)အတွက် ဥက္ကဋ္ဌ လုံးစိုင်းဆေယွမ် တို့က အသီးသီး ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ဆို၏။

မူစယ်ခရိုင် အမျိုးသားလွှတ်တော်အတွက် ၀င်ရောက်ယှဉ်ပြိုင်ရန် ဂျူလိုင်လ ၁၅ နှင့် ၁၆ ရက်နေ့ ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် သျှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို ကော်မတီ အစည်းအဝေး၌် နန်းထွေးမှုန် ကို ရွေးချယ်ပြီးပြီ ဖြစ်ကြောင်း ဆိုပါသည်။





 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates