သျှမ်းလူမျိုးသာ ဖြစ်သည့်အတွက် သျှမ်းခြင်္သေ့ပါတီဖြင့် ကွန်ဟိန်းမြို့၌ မဲဆွယ်စည်းရုံးနေ



သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ပါတီဝင် သျှမ်းလူမျိုးများ ကိုယ်စားလှယ်လောင်းများသည်  သျှမ်းခြင်္သေ့ပါတီ အမည်ဖြင့် မဲဆွယ်စည်းရုံးနေ သည်ဟု သိရသည် ။


အဆိုပါ သျှမ်းခြင်္သေ့ပါတီ အဓိပ္ပါယ်ရှိ သျှမ်းနာမည် ပြှတှီသ္ဂငှ်သှီုတဿး အား ကွန်ဟိန်းမြို့ မြို့လယ် တွင် လည်းကောင်း ၊ ကာလိမြို့တွင် လည်းကောင်း မဲဆွယ်စည်းရုံးရေး ဆိုင်းဘုတ် ထောင်ထားသည်ဟု ဒေသခံများက ပြောသည် ။


“ ဘာရယ်တော့ မဟုတ်ဘူး ။ ဒီပါတီထဲမှာလဲ သျှမ်းလူမျိုးတွေ ကြီးဘဲလေ ။ သျှမ်းလူထုတွေ လွယ်လွယ် သိရအောင် မိမိသဘောအရ သျှမ်းခြင်္သေ့ပါတီ ဆိုပြီး ဆိုင်းဘုတ်ထောင်ထားတာပါ ။ ကျနော်တို့ကတော့ ရွေးကောက်ပွဲမှာ နိုင်သည်ဖြစ်စေ မနိုင်ဘူးဖြစ်စေ လူထုအကျိုးပြုလုပ်ငန်းတွေတော့ လုပ်နေမှာဘဲ ၊ ကျားဖြူမှာကော ၊ ကျားခေါင်းမှာကော ကျနော်တို့ရဲ့ တူ ၊ တူမတွေ သားသမီးတွေ ပါဘဲ ” - ဟု ကွန်ဟိန်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ ဦး စိုင်းနု ကပြောသည် ။


“ ဒီကိစ္စက နားမလည်ဘူး၊ အထက်က အမိန့် နဲ့ဘဲလုပ်တယ်ထင်တယ် ။ ဘာလို့လဲ ဆိုတော့ ဒီမှာဘဲ လုပ်တာမဟုတ်ဘူး ။ တခြားမြို့မှာလဲ ဒီလိုလုပ်တယ်ကြားတယ် ” - ဟု ပြည်ခိုင်ဖြိုး ပါတီဝင်တဦး ကပြောသည် ။


ကွန်ဟိန်းမြို့နယ်တွင် အဓိက ယှဉ်ပြိုင်ရမည့်ပါတီများမှာ ခြင်္သေ့ပါတီ အမည်ရ ပြည်ထေင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ USDP ၊ ဒေါင်းပါတီအမည်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၊ ကျားဖြူပါတီ ခေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ၊ ကျားခေါင်းပါတီ ခေါ် သျှမ်းတိုင်းရင်းသား များဒီမိုကရေစီ အဖွဲ့ချုပ် SNLD တို့ အဓိက ယှဉ်ပြိုင်ရမည် ဖြစ်သည့်သည် ။


ထို့ကြောင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည်လည်း သျှမ်းခြင်္သေ့အမည်ဖြင့် စည်းရုံးရေးဆင်းနေခြင်း ဖြစ်သည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates