ရန်ကုန်မြို့၌ ဆွေးနွေးနေချိန် ဝမ့်ဟိုင်းဌာနချုပ် လုံခြုံရေးစခန်း အပြင်းအထန် တိုက်ခိုက်ခံရ



ငြိမ်းချမ်းရေးတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မတီဝင် ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုး ဖိတ်ကြားချက်ဖြင့် SSPP/SSA ကိုယ် စားလှယ်များ ရန်ကုန်မြို့၌ အစိုးရနှင့် သွားရောက်ဆွေးနွေးစဉ် ယနေ့ နံနက်ပိုင်းမှ စ၍ ယခု (မွန်းတည့်) ချိန်ထိ မိုင်းရှူးမြို့နယ်အတွင်း တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေ သည်ဟု သိရသည် ။


နိုဝင်ဘာ ၂၃ ရက် နံနက် ၈ နာရီမှ စ၍ သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် မိုင်းရှူးမြို့နယ် ဝမ့်လွေ မိုင်းအတ် ကျေးရွာ အနီးရှိ သျှမ်းပြည်တပ်မတော် တပ်စခန်းများအား အစိုးရ တပ်မတော်မှ အင်အား အလုံးအရင်းဖြင့် တိုက် ခိုက်နေကြောင်း ၊ ထို့အပြင် ပန်ဝိုး၊ လွယ်ယူ ၊ ကျူမောက်ခေါဝ် မှလည်း လက်နက် ကြီးများဖြင့် လေးဘက်လေးတန် ပစ်ခတ် နေကြောင်း ရှေ့တန်းရောက် တပ်မှူးတဦး ကပြောသည် ။


“ ရန်ကုန်မှာ က အပစ်ရပ်ဖို့ ၊ ငြိမ်းချမ်းရေးပြန်လုပ်ဖို့ဆိုပြီး ဦးခင်မောင်စိုး ဖိတ်ကြားချက်နဲ့ သွားရောက် ဆွေးနွေးနေတယ် ။ နံနက် ရှစ်ခွဲက စပြီး။ တချက်နားနယ် ။ ပြန်ဆွေးနွေးနေ တယ် လို့ကြားတယ် ။ ဒါပေမယ့် ဒီဘက်ေ တာ့ မနားသေးဘူး ။ ပစ်နေတုန်း။ ဘယ်တပ် လဲတော့မသိဘူး ။ စုပေါင်းရော ရာလာကြတာ။ သိထားတာတော့ စကခ ၂ ၊ စကခ ၁၇ နဲ့ ရပခ တိုင်း လက်ေ အာက်ခံတပ်တွေ ပြောတယ် ၊ အပြင်း အထန် လာတိုက်နေ တယ် ။ လေ ယာဉ်နဲ့တော့မတွေ့သေးဘူး ” - ဟု ရှေ့တန်းတပ်မှူး ဒု ဗိုလ် စိုင်းမိဏ်း က ပြောသည် ။


ရန်ကုန်မြို့တွင် သျှမ်းပြည်တပ်မတော် SSPP/SSA အတွင်းရေးမှူး ၂ စဝ် ခမ်းတီ ၊ စဝ်ခေးမောဝ်း ၊ စဝ်နော်လိတ် ၊ စဝ်စိုင်းဆု တို့က ပြည်ထောင် စုငြိမ်း ချမ်းရေး လုပ်ငန်း ဖေါ်ဆောင်ရေးကော်မတီဝင် ဦးခင်မောင်စိုးတို့ တွေ့ ဆုံ ကြခြင်းဖြစ် သည် ။


အောက်တိုဘာ ၆ ရက်နေ့မှ စ၍ ယနေ့အထိ မြန်မာအစိုးရမှ သျှမ်းပြည်တိုး တက်ရေးပါတီ သျှမ်းပြည် တပ်မတော် SSPP/SSA တပ်စခန်းများအား စတင်တိုက်ခိုက်ရာမှာ ရွေးကောက် ပွဲ ကာလ နိုဝင်ဘာ ၈ ရက် တရက် နှင့် နိုဝင်ဘာ ၁၉ မှ ၂၂ ရက် အထိ တကြိမ် သာ နားပြီး ယနေ့ တိုက်ခိုက် မှု ပြန်လည် စတင် ခြင်းဖြစ်သည် ။


နှစ်လ နီးပါး တိုက်ခိုက်လာသော တိုက်ပွဲတွင် အစိုးရတပ်မတော်မှ တိုက်လေ ယဉ် ဖြင့် ၈ ကြိမ် (ရှစ်ရက်တိတိ) ၊ ကြည်းတပ်ဖြင့် အကြိမ်ပေါင်း ၄၀ ကျော် တိုက်ခိုက်သည်ဟု ပြန်ကြားရေး အရာရှိက သျှမ်းသံတော်ဆင့်သို့ အတည်ပြု သည် ။


မြန်မာအစိုးရတပ်မတော်သည် သျှမ်းပြည်တပ်မတော်အား တဘက်က အစိုးရ ဝန်ကြီးများနှင့် ငြိမ်းချမ်းရေးဆွေးနွေးစေကာ တဘက်ကလည်း စစ်အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက် နေပါသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates