နမ့်ဆန်မြို့တွင် မီးအကြီးအကျယ် လောင်ကျွမ်းနေ



သျှမ်းပြည်မြောက်ပိုင်း  ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဗဟိုရုံးစိုက်ရာ နမ့်ဆန်မြို့  လယ် မင်္ဂလာရပ်ကွက်တွင် ယနေ့ မွန်းလွဲ တနာရီခန့်မှ ညနေ ၄ နာရီအထိ မီးဆက်တိုက် လောင်ကျွမ်း နေသည်ဟုသိရသည် ။


ကားလမ်းကျဉ်းသည့်အတွက် မီးသတ်ယာဉ် မဝင်နိုင်ဘဲ မီးဆက်တိုက် လောင်နေခြင်းဖြစ်၏ ။


မီးကူညီငြိမ်းသတ်နိုင်ရန်အတွက် လားရှိုး ၊ နမ့်တူ ၊ ကျောက်မဲ တို့မှ မီးသတ်ယာဉ်များလည်း နမ့်ဆန်မြို့သို့ ဦးတည်နေသည်ဟု ဆိုသော်လည်း နမ့်ဆန်သို့ရောက်ရန် အချိန်ကြန့်ကြာသဖြင့်ဆုံးရှုံးမှု များပြားနိုင်ကြောင်း ၊ လက်ရှိသတင်းတင်ချိန်အထိ ဆုံးရှုံးမှုတန်ဖိုးအတိအကျမသိရသေးကြောင်း မီးကူညီ ငြိမ်းသတ်သူ စိုင်းကျော်သန်းက ပြောသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates