သို့- တာဝန်ခံ အယ်ဒီတာ



သျှမ်းသံတော်ဆင့်သတင်းဌာန

သျှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးတချို့တို့၏ အလွှဲသုံးစားပြုမှုများအား သျှမ်းသံတော်ဆင့်သတင်းတွင် ဖော်ပြပေးနိုင်ပါရန် မေတ္တာရပ်ခံပေးပို့ အပ်ပါသည် ။


သျှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ၀န်ကြီးတချို့တို့၏ အလွှဲသုံးစားမှုများ


၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် အချို့သော ပြည်ခိုင်ဖြိုးအမတ်များမှာ ယခု လက်ရှိ သျှမ်းပြည်နယ် အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်လျှက် ရှိကြပါသည် ။ ၄င်းတို့သာ နောင်လာ မည့် (၅) နှစ်သက်တမ်းတွင်လည်း အစိုးရအဖွဲ့တွင်သာ ဆက်လက် ပါဝင်နေမည်ဆိုပါက သျှမ်းပြည်နယ် အနာဂါတ်အတွက် အတော်ပင်ရင်လေးမိပါသည် ။


အဘယ့်ကြောင့်ဆိုသော် ၂၀၁၄ ခုနှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော တရုတ်ပြည်ပို့မည့် ကျွဲ ၊ နွား များ သျှမ်း ပြည် နယ် ဖြတ်ကျော် သယ်ဆောင်ခွင့်ကို သျှမ်းပြည်နယ်ဝန်ကြီးချုပ်၏ လက်မှတ်အတုဖြင့် အလွှဲသုံးစား ပြုခဲ့သည့် ၀န်ကြီးတစ်ဦးမှာလည်း ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့ပါသည် ။


အဆိုပါ ကိစ္စရပ်အား သျှမ်းပြည်နယ်အစိုးရ တစ်ဖွဲ့လုံးနှင့် ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့မှ သိရှိပါ လျှက်နှင့် ပြည်နယ်ဝန်ကြီးချုပ်က ၄င်းဝန်ကြီးအား ထိရောက်စွာ အရေးယူခြင်းမရှိပဲ နောက်နောင် အဆိုပါကိစ္စမျိုး ထပ်မံ မပြုလုပ်တော့ရန် ခံဝန်လက်မှတ်ထိုးခြင်းလောက်နှင့်သာ အဆုံးသတ်ခဲ့ကြောင်း သိရှိခဲ့ရပါသည် ။


သျှမ်းပြည်နယ် ၀န်ကြီးချုပ်မှ အဆိုပါကိစ္စအား နိုင်ငံတော် သမ္မတရုံးသို့ တင်ပြခဲ့ခြင်း ရှိမည်ဟု မထင်ပါ ။


၎င်းဝန်ကြီး (ဦး - - ညွှန့်) နှင့်တကွ သျှမ်းပြည်နယ် ၀န်ကြီးချုပ် ဦးစဝ်အောင်မြတ် ၊ ယခင် နယ်လုံဝန်ကြီး ယခု အနိုင်ရ ပြည်ခိုင်ဖြိုးအမတ် ဦးအောင်သူ တို့သည် ၄င်းဖြစ်စဉ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည် ဟု ကြားသိရပါသည် ။ အဆိုပါကိစ္စမှာ နိုင်ငံတော် သမ္မတနှင့်တကွ မြန်မာနိုင်ငံအတွင်းနေ ပြည်သူအားလုံးကို ဖုံးကွယ်လိမ်ညာ သည့် လုပ်ရပ်ဖြစ်ကြောင်း ရှုမြင်မိပါသည် ။


ထို့အပြင် သျှမ်းပြည်နယ် ၀န်ကြီးချုပ်၏ ခွင့်ပြုချက်ဖြင့် တောင်ကြီးမြို့ ဟိုပုံးဘက်အထွက် (၂) မိုင် ဓါတ်ဆီ ဆိုင်၏ ညာဖက်တွင်လည်း နိုင်ငံပိုင် သစ်တောကြိုးဝိုင်းကို သိမ်းပိုက်ပြီး အိမ်ရာကွက်များ ဖေါ်ဆောင်ကာ သျှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်များအား ဝေမျှထားကြောင်း ၊ ကျန်အကွက်ပိုများကို ရောင်းစားခဲ့ကြောင်း လည်း ကြားသိရပါသည် ။


အဆိုပါအကွက်များတွင် ၀င်ဒါမီယာကဲ့သို့ အဆောက်အဦများ လမ်းများ ကောင်းမွန်စွာ ဆောက် လုပ်ထား ပါသည် ။ ယခုလက်ရှိ သျှမ်းပြည်နယ် ၀န်ကြီးချုပ်သည် (၅) နှစ်တာသက်တမ်းအတွင်း သျှမ်းပြည်နယ် အကျိုး ၊ ပြည်နယ်တွင်း နေ ပြည်သူများအကျိုး ကောင်းမွန်တိုးတက်အောင် ထိထိရောက်ရောက် ဆောင် ရွက်နိုင်ခဲ့ခြင်းမရှိပါ ။


၎င်းနှင့် ၄င်း၏ဆွေမျိုးများ၊ ၄င်းနှင့် မကင်းရာမကင်းကြောင်း ကုမ္ပဏီများသာလျှင် ဟိုတယ်လုပ်ငန်းများ ၊ လမ်း တံတားလုပ်ငန်းများနှင့် အခြားသော လုပ်ငန်းများစွာလုပ်ကိုင်ကာ ကြီးပွားချမ်းသာလာကြသည်ကို မျက်ဝါး ထင် ထင်တွေ့ရှိနေရပါသည် ။


ထိုကဲ့သို့ သျှမ်းပြည်နယ် အကျိုးမကြည့်ပဲ ကိုယ်ကျိုးစီးပွားကိုသာ ရှေးရှုသည့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အလိုတူ အလိုပါ ၀န်ကြီးတချို့ကဲ့သို့သော ပြည်ခိုင်ဖြိုးအမတ်များသာ နောင် (၅) နှစ်သက်တမ်းတွင်လည်း သျှမ်းပြည်နယ် အစိုးရအဖွဲ့တွင် ဆက်လက်ပါဝင် ဦးဆောင် နေမည်ဆိုပါက သျှမ်းပြည်နယ် နှင့် ပြည်နယ် တွင်း နေပြည်သူ များသာ များစွာထိခိုက်နစ်နာမည် ဖြစ်ကြောင်း ပြည်နယ်သူ ပြည်နယ်သားများကိုယ်စား တင်ပြလိုက်ရပါသည် ။


                                                                                               သျှမ်းပြည်သားတစ်ဦး




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates